Nha Trang, Studio del Caffe

Case Study: ဆိုင်မဖွင့်မီ ကော်ဖီသင်တန်း

    • သင်တန်းအတွက် အကျုံးဝင်သည့်အဖွဲ့: ဧည့်ဝန်ဆောင်မှုလုပ်ငန်း ဆိုင်မဖွင့်မီ ပြင်ဆင်ရေးအဖွဲ့

    • ဝန်ဆောင်မှု: ဆိုင်နေရာ၌ Barista နှင့် ကော်ဖီဖျော်စပ်နည်း သင်တန်း

    • ဝန်ဆောင်မှုပေးသူ:  Studio del Caffè

အကြောင်းအရာအကျဉ်းချုပ်

Studio del Caffè သည် ဧည့်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဆိုင်မဖွင့်မီ ပြင်ဆင်သည့်ကာလအတွက် စနစ်တကျဖွဲ့စည်းထားသော ကော်ဖီဖျော်နည်းသင်တန်းအစီအစဉ်ကို ပို့ချရန် တာဝန်ယူခဲ့ပါသည်။ ဤသင်တန်း၏ ရည်ရွယ်ချက်မှာ ဆိုင်ဖွင့်လှစ်ခြင်းမပြုမီ ဝန်ထမ်းများအား ကော်ဖီအခြေခံဗဟုသုတ၊ လက်တွေ့ Barista ကျွမ်းကျင်မှုများနှင့် ကော်ဖီဖျော်စပ်ရာတွင် ယုံကြည်မှုရှိစေရန် လေ့ကျင့်ပေးရန် ဖြစ်ပါသည်။

သင်တန်းဖွဲ့စည်းပုံ

သင်တန်းကို ဝန်ထမ်း ၁၅ ဦးအတွက် တစ်ရက်တာ အခြေခံအုပ်စုလိုက်သင်တန်းဖြင့် စတင်ခဲ့ပါသည်။ ထိုသင်တန်းတွင် ကော်ဖီနှင့်ပတ်သက်သော အခြေခံသဘောတရားများ၊ လုပ်ငန်းခွင်စံနှုန်းများနှင့် လုပ်ဆောင်နည်းများကို လမ်းညွှန်စာရွက်များ အသုံးပြု၍ သင်ကြားပေးခဲ့ပါသည်။ သင်တန်းပုံစံမှာ အပြန်အလှန်ဆွေးနွေးမေးမြန်းနိုင်သည့် ပုံစံဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် မေးခွန်းများမေးမြန်းခြင်း၊ ဆွေးနွေးခြင်းနှင့် တက်ကြွစွာ ပါဝင်ခြင်းတို့မှတစ်ဆင့် သင်ကြားသည့်အကြောင်းအရာများကို ကောင်းစွာနားလည်နိုင်ရန် စီစဉ်ပေးထားပါသည်။

လက်တွေ့လေ့ကျင့်မှု
သီအိုရီပိုင်း သင်တန်းပြီးဆုံးပြီးနောက် လက်တွေ့ တစ်ဦးချင်းစီ လက်တွေ့လေ့ကျင့်သင်ကြားမှုသို့ ဆက်လက်ပြောင်းလဲခဲ့ပါသည်။ ဝန်ထမ်းများသည် ပရော်ဖက်ရှင်နယ် ကော်ဖီစက်နှင့် စက်ပစ္စည်းများကို ကိုယ်တိုင်အသုံးပြု၍ အောက်ပါအချက်များကို ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ခဲ့ကြပါသည်
  • ကော်ဖီ Extraction ပြုလုပ်ခြင်း

  • ကော်ဖီကြိတ်နည်းများ

  • နို့ကို အမြှုပ်ပြုလုပ်ခြင်းနှင့် နို့ ကောင်းမွန်အောင် ဖျော်စပ်ခြင်း

  •  

နိုင်ငံတကာ အသိအမှတ်ပြု Studio del Caffè သင်တန်းဆရာများ၏ လမ်းညွှန်မှုအောက်တွင် သင်တန်းသားများသည် လက်တွေ့လေ့ကျင့်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး နေ့စဉ်ဝန်ဆောင်မှုပေးရာတွင် တစ်ပြေးညီအရည်အသွေး၊ ထိရောက်မှုနှင့် ယုံကြည်မှုရှိစွာ လုပ်ဆောင်နိုင်ရန် လေ့ကျင့်ခဲ့ကြပါသည်။

ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးအပေါ် အာရုံစိုက်မှု

သင်တန်းတွင် အခြေခံ Latte Art လေ့ကျင့်မှုကိုလည်း ထည့်သွင်းပေးခဲ့ပြီး ဝန်ထမ်းများအနေဖြင့် ရိုးရှင်းသော ဒီဇိုင်းများဖန်တီးနိုင်ရန်နှင့် အဖျော်ယမကာတင်ဆက်မှုပိုင်း ကျွမ်းကျင်မှုများ တိုးတက်လာစေရန် ရည်ရွယ်ခဲ့ပါသည်။ အမြင်အာရုံပိုင်းဆိုင်ရာ တင်ဆက်မှုကိုလည်း ထည့်သွင်းသင်ကြားခဲ့သော်လည်း အဓိကအာရုံစိုက်ခဲ့သည့်အချက်များမှာ –

  • အရသာနှင့် အရသာလက္ခဏာ

  • အရည်အသွေးတစ်ပြေးညီရှိမှု

  • ကုန်ကြမ်းအလေအလွင့်လျှော့ချမှု နှင့် ကုန်ကျစရိတ်ထိန်းချုပ်မှု တို့ဖြစ်ပါသည်။



ရလဒ်
သင်တန်းပြီးဆုံးချိန်တွင် ဝန်ထမ်းအဖွဲ့သည် ပိုမိုကောင်းမွန်သော ယုံကြည်မှု၊ လုပ်ငန်းခွင်အတွက် အသင့်ဖြစ်မှုနှင့် ကော်ဖီအခြေခံသဘောတရားများမှ လက်တွေ့ဖျော်စပ်မှုအထိ ခိုင်မာသောနားလည်မှုကို ပြသနိုင်ခဲ့ပါသည်။ ထိုသို့လေ့ကျင့်ပေးခြင်းဖြင့် ဆိုင်ဖွင့်ပြီးနောက် ဝန်ဆောင်မှုပေးနိုင်ရန် ခိုင်မာသော အခြေခံကောင်းတစ်ရပ်ကို တည်ဆောက်ပေးနိုင်ခဲ့ပါသည်။
ဆက်လက်ပံ့ပိုးပေးမှု

Studio del Caffè သည် ဆိုင်နေရာ၌ သင်တန်းပို့ချခြင်း၊ လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီအောင် စိတ်ကြိုက်ဖွဲ့စည်းပေးသည့် သင်တန်းအစီအစဉ်များနှင့် ဝန်ထမ်းရေးရာ မူဝါဒများ၊ ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှင့် ကိုက်ညီသော ဆက်လက်ပံ့ပိုးမှုများကို ပေးအပ်ပါသည်။ သင်တန်းဆရာများအားလုံးသည် အသိအမှတ်ပြုလက်မှတ်ရရှိထားသူများဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းတက်ရောက်ပြီးကြောင်း အသိအမှတ်ပြုလက်မှတ်များကိုလည်း ထုတ်ပေးပါသည်။