၁။ ငြင်းဆိုချက်

ဤငြင်းဆိုချက်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုသည်များ သို့မဟုတ် မေးမြန်းလိုသည်များရှိပါက legal@delipro.asia သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဤဝဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်အားလုံးကို ရိုးသားစွာနှင့် အထွေထွေသိရှိနိုင်ရန် ရည်ရွယ်၍ ဖော်ပြထားခြင်းဖြစ်ပါသည်။ DELI PROFESSIONAL သည် ဤဝဘ်ဆိုက်တွင် ပါဝင်သော အချက်အလက်များ၏ ပြည့်စုံမှု၊ တိကျမှန်ကန်မှု၊ ယုံကြည်စိတ်ချရမှု၊ သင့်လျော်မှု (သို့မဟုတ်) ရရှိနိုင်မှုတို့နှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မည်သည့်အာမခံချက်မျှ ပေးအပ်ထားခြင်းမရှိပါ။ ထို့ကြောင့် ဤအချက်အလက်များအပေါ် သင်၏မှီခိုအသုံးပြုမှုသည် သင်ကိုယ်တိုင်၏ အန္တရာယ်နှင့် တာဝန်သာဖြစ်ပါသည်။ ဤဝဘ်ဆိုက်ကို အသုံးပြုခြင်းကြောင့် (သို့မဟုတ်) အသုံးပြုမှုနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သည့် တိုက်ရိုက်မဟုတ်သော ဆုံးရှုံးမှု (သို့မဟုတ်) နောက်ဆက်တွဲ ဆုံးရှုံးမှုများအပါအဝင် မည်သည့်ဆုံးရှုံးမှုအတွက်မဆို DELI PROFESSIONAL တွင် တာဝန်ရှိမည်မဟုတ်ပါ။

ဤဝဘ်ဆိုက်မှတစ်ဆင့် DELI PROFESSIONAL ၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြားဝဘ်ဆိုက်များသို့ ဝင်ရောက်နိုင်သည့် လင့်ခ်များ ပါဝင်နိုင်ပါသည်။ ထိုဝဘ်ဆိုက်များ၏ သဘောသဘာဝ၊ အကြောင်းအရာနှင့် ရရှိနိုင်မှုတို့အပေါ် ကျွန်ုပ်တို့တွင် ထိန်းချုပ်နိုင်မှုမရှိပါ။ လင့်ခ်များ ထည့်သွင်းပေးထားခြင်းသည် ထိုဝဘ်ဆိုက်များကို အကြံပြုခြင်း (သို့မဟုတ်) ၎င်းတို့တွင် ဖော်ပြထားသော အမြင်များကို ထောက်ခံခြင်းဟု မဆိုလိုပါ။ ဝဘ်ဆိုက်ပိုင်ရှင်များနှင့် အကြောင်းအရာများသည် ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲနိုင်ပြီး ထိုပြောင်းလဲမှုများကို စောင့်ကြည့်ရန် (သို့မဟုတ်) လင့်ခ်ချိတ်ထားသော အကြောင်းအရာများ၏ ဆက်လက်တိကျမှန်ကန်မှုအတွက် DELI PROFESSIONAL တွင် တာဝန်မရှိပါ။

ကျွန်ုပ်တို့၏ ဝဘ်ဆိုက်မှ ထွက်ခွာပြီး အခြားဝဘ်ဆိုက်များသို့ ဝင်ရောက်သည့်အခါ ထိုဝဘ်ဆိုက်များတွင် ကျွန်ုပ်တို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသော သီးခြား ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒများနှင့် အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ ရှိနိုင်ပါသည်။ ထို့ကြောင့် ပြင်ပဝဘ်ဆိုက်များနှင့် စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှုများ မပြုလုပ်မီ (သို့မဟုတ်)ကိုယ်ရေးအချက်အလက်များ မျှဝေမီ ထိုဝဘ်ဆိုက်များ၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒများနှင့် ဝန်ဆောင်မှုစည်းကမ်းချက်များကို စစ်ဆေးဖတ်ရှုရန် အကြံပြုပါသည်။

 

၂။ သဘောတူညီချက်

ဤဝဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုခြင်း (သို့မဟုတ်) အသုံးပြုခြင်းဖြင့် ဤငြင်းဆိုချက်နှင့် ၎င်း၏ စည်းကမ်းချက်များကို ဖတ်ရှုနားလည်ပြီး သဘောတူကြောင်းနှင့် ထိုစည်းကမ်းချက်များကို လိုက်နာရန် သဘောတူကြောင်း အသိအမှတ်ပြုပါသည်။

၃။ ပြင်ဆင်မွမ်းမံခြင်း

DELI PROFESSIONAL သည် ကြိုတင်အသိပေးခြင်းမရှိဘဲ ဤငြင်းဆိုချက်ကို အချိန်မရွေး ပြင်ဆင်ခြင်း (သို့မဟုတ်) မွမ်းမံခြင်း ပြုလုပ်ပိုင်ခွင့်ရှိပါသည်။ ပြင်ဆင်မွမ်းမံမှုများကို ဤစာမျက်နှာတွင် ထင်ရှားစွာ ဖော်ပြပေးမည်ဖြစ်ပြီး ထိုသို့ ပြင်ဆင်မွမ်းမံပြီးနောက် ဝဘ်ဆိုက်ကို ဆက်လက်အသုံးပြုခြင်းသည် ပြင်ဆင်ချက်များကို သဘောတူလက်ခံခြင်းဖြစ်ပါသည်။

၄။ ဒီဇိုင်းနှင့် မူပိုင်ခွင့်

© DELI PROFESSIONAL။ မူပိုင်ခွင့်အားလုံးကို ထိန်းသိမ်းထားသည်။ဒီဇိုင်းနှင့် အကြောင်းအရာများကို DELI PROFESSIONAL ဆက်သွယ်ရေးဌာနမှ စီမံခန့်ခွဲပါသည်။