၁။ အကြောင်းအရာ
DELI PROFESSIONAL သည် ၎င်း၏ လုပ်ငန်းသုံးဖောက်သည်များအတွက် (www.delipro.asia) ဝဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းစျေးဝယ်ဝန်ဆောင်မှုကို ပေးအပ်ထားပြီး အစားအသောက်နှင့် အစားအသောက်မဟုတ်သော ပစ္စည်းများကို ဝယ်ယူနိုင်ပါသည်။
(www.delipro.asia) တွင် ရောင်းချရန် ဖော်ပြထားပြီး လက်ရှိဝယ်ယူရရှိနိုင်သော ပစ္စည်းများအားလုံးသည် ဤအွန်လိုင်းရောင်းချမှုဆိုင်ရာ အထူးစည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များအောက်တွင် အကျုံးဝင်ပါသည်။
၂။ ဝန်ဆောင်မှုအသုံးပြုခွင့် သတ်မှတ်ချက်များ
အွန်လိုင်းရောင်းချမှုဝန်ဆောင်မှုကို အသုံးပြုခွင့်သည် မှတ်ပုံတင်ထားပြီး အသုံးပြုနေသော DELI PROFESSIONAL ဖောက်သည်အကောင့်ရှိသူများအတွက်သာ ဖြစ်ပါသည်။
ဖောက်သည်တစ်ဦးချင်းစီသည် မိမိ၏ အကောင့်ဝင်ရောက်အသုံးပြုရန် အချက်အလက်များ၏ လုံခြုံမှုနှင့် မိမိအကောင့်မှတစ်ဆင့် ပြုလုပ်သည့် လုပ်ဆောင်ချက်အားလုံးအတွက် တာဝန်ရှိပါသည်။
၃။ တာဝန်ဝတ္တရားများ
DELI PROFESSIONAL ၏ တာဝန်ဝတ္တရားများ
ရောင်းချရန် ပေးအပ်ထားသော ပစ္စည်းများအားလုံးနှင့် ပတ်သက်၍ ထုတ်လုပ်ရာဒေသ၊ ဈေးနှုန်းနှင့် ပစ္စည်းပုံများအပါအဝင် တိကျမှန်ကန်ပြီး ပွင့်လင်းမြင်သာကာ နောက်ဆုံးအချက်အလက်များကို ပေးအပ်ရန်။
ငွေပေးချေပြီးနောက်နှင့် ပစ္စည်းပို့ဆောင်ပြီးနောက် ပြည့်စုံပြီး တရားဝင်သော ငွေတောင်းခံလွှာနှင့် ပြေစာများကို ထုတ်ပေးရန်။ အော်ဒါတင်ချိန်တွင် ဖောက်သည်ထံ အတည်ပြုပေးထားသော ပို့ဆောင်ရေးအချိန်ဇယားအတိုင်း ပစ္စည်းများကို ပို့ဆောင်ပေးရန်။
ဖောက်သည်၏ တာဝန်ဝတ္တရားများ
အော်ဒါဆောင်ရွက်ခြင်းနှင့် ပစ္စည်းပို့ဆောင်ခြင်းအတွက် လိုအပ်သော လိပ်စာ၊ ဆက်သွယ်ရန်အချက်အလက်နှင့် ငွေတောင်းခံလွှာဆိုင်ရာ အချက်အလက်များအပါအဝင် ပြည့်စုံပြီး တိကျမှန်ကန်သော အချက်အလက်များကို ပေးအပ်ရန်။
သဘောတူထားသော စည်းကမ်းချက်များနှင့်အညီ ငွေပေးချေရန်။ သတ်မှတ်ထားသော အချိန်နှင့် နေရာတွင် ပစ္စည်းပို့ဆောင်မှုကို လက်ခံရန်။
၄။ အော်ဒါတင်ခြင်းနှင့် အတည်ပြုခြင်း
အော်ဒါများကို အခွင့်အာဏာရှိသော DELI PROFESSIONAL ဖောက်သည်မှ (www.delipro.asia) ဝဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းတွင် တင်ရပါမည်။ ဖောက်သည်သည် မိမိ၏ အကောင့်ဝင်ရောက်အသုံးပြုရန် အချက်အလက်များဖြင့် တင်ထားသော အော်ဒါအားလုံးအတွက် အပြည့်အဝ တာဝန်ရှိပါသည်။
အော်ဒါကို အတည်ပြုပြီး ငွေပေးချေမှု အောင်မြင်စွာ ပြီးစီးပါက အော်ဒါနံပါတ်ကို အလိုအလျောက် ထုတ်ပေးမည်ဖြစ်ပါသည်။ ဖောက်သည်၏ မျက်နှာပြင်ပေါ်တွင် “သင့်အော်ဒါကို အတည်ပြုပြီးပါပြီ” ဟူသော အတည်ပြုစာ ပေါ်လာမည်ဖြစ်ပြီး အော်ဒါနံပါတ်နှင့် အသေးစိတ်အချက်အလက်များ ပါဝင်သော အတည်ပြုအီးမေးလ်ကိုလည်း ပေးပို့မည်ဖြစ်ပါသည်။
ငွေပေးချေမှုကို လက်မခံနိုင်ပါက အော်ဒါကို အလိုအလျောက် ပယ်ဖျက်မည်ဖြစ်ပြီး ဖောက်သည်ထံ အီးမေးလ်မှတစ်ဆင့် အကြောင်းကြားပေးမည်ဖြစ်ပါသည်။
အော်ဒါအတည်ပြုပြီးသည်နှင့် ဖောက်သည်၏ အော်ဒါသည် အပြီးသတ်ဖြစ်ပါသည်။ DELI PROFESSIONAL ၏ ကြိုတင်ရေးသားထားသော အထူးခွင့်ပြုချက်မရှိဘဲ အော်ဒါကို ပြင်ဆင်ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်း ပြုလုပ်၍မရပါ။
၅။ ပစ္စည်းပို့ဆောင်ခြင်း
(Year, Date) နေ့မှစတင်၍ (ရန်ကုန်)မြို့အတွက် အောက်ပါ အော်ဒါလက်ခံမည့် နောက်ဆုံးအချိန်များကို သတ်မှတ်ထားပါသည်။
မနက် ၁၁:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအတွင်း (Day 1) လက်ခံရရှိသော အော်ဒါများ → Day 2 မနက်ပိုင်းတွင် ပို့ဆောင်ပေးမည်။ ညနေ ၅:၀၀ နာရီမှ (Day 1) မနက် ၁၁:၀၀ နာရီအထိ (Day 2) လက်ခံရရှိသော အော်ဒါများ → Day 2 နေ့လယ်ပိုင်းတွင် ပို့ဆောင်ပေးမည်။
DTB Routing Areas (Address…………………………….) အတွက် – ……..Day 1 ညနေ ၅:၀၀ နာရီမတိုင်မီ လက်ခံရရှိသော အော်ဒါများ → Day 2 အတွင်း ပို့ဆောင်ပေးမည်။
ပို့ဆောင်ရာတွင် နှောင့်နှေးမှုများ မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ အော်ဒါလက်ခံမည့် နောက်ဆုံးအချိန်မတိုင်မီ အော်ဒါများကို တင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပစ္စည်းပို့ဆောင်ခြင်းနှင့် ပတ်သက်၍ မေးမြန်းလိုသည်များ သို့မဟုတ် အခက်အခဲများရှိပါက ကျွန်ုပ်တို့၏ Customer Service Team ကို info@delipro.asia သို့ ဆက်သွယ်နိုင်ပါသည်။
၆။ အော်ဒါအငြင်းပွားမှုများနှင့် အော်ဒါဆောင်ရွက်မှု
ဖောက်သည်မှ အော်ဒါတင်ပြီးနောက် ပစ္စည်းပို့ဆောင်မှုကို လက်မခံခြင်း (သို့မဟုတ်) ငွေပေးချေခြင်း မပြုလုပ်ပါက ၎င်း၏အကောင့်ကို ယာယီပိတ်ထားနိုင်ပြီး အော်ဒါတင်နိုင်သည့် လုပ်ဆောင်ချက်ကို တစ်ပတ် (၁ ပတ်) ပိတ်ထားနိုင်ပါသည်။
DELI PROFESSIONAL ၏ အမှားကြောင့် သတ်မှတ်ထားသော ပို့ဆောင်ချိန်မှ ၂၄ နာရီကျော်အထိ ပို့ဆောင်မှု နှောင့်နှေးပါက ဖောက်သည်သည် အပိုဆောင်းကုန်ကျစရိတ်မရှိဘဲ အော်ဒါကို တစ်ဖက်သတ် ပယ်ဖျက်ခွင့်ရှိပါသည်။
၇။ စည်းမျဉ်းစည်းကမ်းများနှင့် ကမ်းလှမ်းချက်များ ပြင်ဆင်ခြင်း
DELI PROFESSIONAL သည် (www.delipro.asia) တွင် ဖော်ပြထားသော အွန်လိုင်းကမ်းလှမ်းချက်များ သို့မဟုတ် ဝန်ဆောင်မှုများကို ကြိုတင်အသိပေးခြင်းမရှိဘဲ အချိန်မရွေး ပြင်ဆင်ခြင်း၊ ယာယီရပ်ဆိုင်းခြင်း (သို့မဟုတ်) ရပ်တန့်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိပါသည်။
ဤအွန်လိုင်းရောင်းချမှုဆိုင်ရာ အထူးစည်းမျဉ်းစည်းကမ်းများနှင့် DELI PROFESSIONAL ၏ အထွေထွေရောင်းချမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအကြား ကွဲလွဲမှုရှိပါက ဤအွန်လိုင်းရောင်းချမှုဆိုင်ရာ အထူးစည်းမျဉ်းစည်းကမ်းများပါ သတ်မှတ်ချက်များကို ဦးစားပေး အကျုံးဝင်စေရမည်။
၈။ ဝန်ဆောင်မှုရပ်ဆိုင်းခြင်း
ဖောက်သည်မှ အောက်ပါအခြေအနေများအပါအဝင် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက DELI PROFESSIONAL သည် အွန်လိုင်းရောင်းချမှုဝန်ဆောင်မှုကို ချက်ချင်း စာဖြင့် အသိပေး၍ ရပ်ဆိုင်းခြင်း (သို့မဟုတ်) အပြီးတိုင် ရပ်တန့်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိပါသည်။
ငွေပေးချေခြင်း မပြုလုပ်ခြင်း (သို့မဟုတ်) ငွေပေးချေမှု ပျက်ကွက်မှုများ ထပ်ခါတလဲလဲ ဖြစ်ပေါ်ခြင်း။
ပစ္စည်းပို့ဆောင်မှုများကို ထပ်ခါတလဲလဲ လက်မခံခြင်း။
စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို ထိခိုက်စေနိုင်သည့် အငြင်းပွားမှုများ (သို့မဟုတ်) အပြုအမူများ ပြုလုပ်ခြင်း။
၉။ စည်းမျဉ်းစည်းကမ်းများကို လက်ခံခြင်း
အွန်လိုင်းရောင်းချမှုဝန်ဆောင်မှုကို အသုံးပြုပြီး ဝဘ်ဆိုက်မှတစ်ဆင့် အော်ဒါတင်ခြင်းကို အတည်ပြုခြင်းဖြင့် ဖောက်သည်သည် ဤအွန်လိုင်းရောင်းချမှုဆိုင်ရာ အထူးစည်းမျဉ်းစည်းကမ်းများကို ဖတ်ရှု၊ နားလည်ပြီး လက်ခံကြောင်း အသိအမှတ်ပြုပါသည်။ အော်ဒါကို အတည်ပြုခြင်းသည် ဤစည်းမျဉ်းစည်းကမ်းများအားလုံးကို ခြွင်းချက်မရှိ လက်ခံသဘောတူခြင်း ဖြစ်ပါသည်။
10. GOVERNING LAW
ဤစည်းမျဉ်းစည်းကမ်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆို၍ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဥပဒေပဋိပက္ခဆိုင်ရာ အခြေခံမူများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
ဤစည်းမျဉ်းစည်းကမ်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုမှု (သို့မဟုတ်) အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် မည်သည့်အငြင်းပွားမှုမဆို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအာဏာပိုင်တရားရုံးများ၏ သီးသန့်စီရင်ပိုင်ခွင့်အောက်တွင်သာ ဖြေရှင်းရမည်ဖြစ်ပါသည်။
၁၁။ ဒီဇိုင်းနှင့် မူပိုင်ခွင့်
© DELI PROFESSIONAL။ မူပိုင်ခွင့်အားလုံးကို ကာကွယ်ထားပါသည်။ ဒီဇိုင်းနှင့် အကြောင်းအရာများကို DELI PROFESSIONAL ၏ ဆက်သွယ်ရေးဌာနမှ စီမံခန့်ခွဲပါသည်။